Sunday, 11 July 2010

တန်ဖိုးကိန်းများ

ဆယ်နှစ်တာရဲ့တန်ဖိုးကို သိချင်ရင်
>>> အခုမှပူပူနွေးနွေး ကွာရှင်းပြီးခါစ
>>> ဇနီးမောင်နှံကို မေးကြည့်လိုက်ပါ။
>>>
>>> လေးနှစ်တာရဲ့တန်ဖိုးကို သိချင်ရင်
>>> ဘွဲ့ရတစ်သောက်ကို
>>> မေးကြည့်လိုက်ပါ။
>>>
>>> တစ်နှစ်တာရဲ့တန်ဖိုးကို သိချင်ရင်
>>> အတန်းတင်စာမေးပွဲကျထားတဲ့
>>> ကျောင်းသားတစ်ယောက်ကို
>>> မေးကြည့်လိုက်ပါ။
>>>
>>> တစ်လတာရဲ့တန်ဖိုးကို သိချင်ရင်
>>> နေ့မစေ့လမစေ့ကလေးကို မီးဖွားထားတဲ့
>>> သားသည်မအေတစ်ယောက်ကို
>>> မေးကြည့်လိုက်ပါ။
>>>
>>> ရက်သတ္တပတ်ရဲ့တန်ဖိုးကို သိချင်ရင်
>>> အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က စာတည်းကို
>>> မေးကြည့်လိုက်ပါ။
>>>
>>> တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင်
>>> တွေ့ကြဖို့ချိန်းထားလေတဲ့ ချစ်သူနှစ်ဦးကို
>>> မေးကြည့်လိုက်ပါ။
>>>
>>> တစ်မိနစ်တန်ဖိုးကို သိချင်ရင်
>>> ရထားဖြစ်စေ၊ ဘတ်စကားဖြစ်စေ၊ လေယာဉ်ဖြစ်စေ
>>> မမီလိုက်တဲ့ သူတစ်ယောက်ကို
>>> မေးကြည့်လိုက်ပါ။
>>>
>>> တစ်စက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင်
>>> မတော်တဆထိခိုက်မှု တစ်ခုခုမှာ
>>> အသက်ရှင်ကျန်ရစ်ခဲ့သူကို
>>> မေးကြည့်လိုက်ပါ။
>>>
>>> တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံတစ်ပုံတန်ဖိုးကို သိချင်ရင်
>>> အိုလံပစ်ပြေးပွဲမှာ ဒုတိယငွေတံဆိပ်ကိုသာ ရလိုက်သူကို
>>> မေးကြည့်လိုက်ပါ။
>>>
>>> အချိန်က လူကိုမစောင့်ဘူးနော်။
>>> ကိုယ့်မှာရှိတဲ့အချိန်တိုင်း၊ အချိန်တိုင်းကို တန်ဖိုးထားကြပါလားရှင်။
>>> အထူးသဖြင့် အဲဒီကိုယ့်မှာရှိနေတဲ့ အချိန်လေးကို
>>> ကိုယ်ချစ်ခင်တဲ့သူနဲ့အတူနေခွင့်ရမယ်ဆိုရင်
>>> ပိုတောင်တန်ဖိုးထားသင့်ပါတယ်။
>>> အဲ....မိတ်ဆွေတစ်ယောက်ရဲ့တန်ဖိုးကိုသိချင်ရင်တော့
>>> တစ်ယောက်လောက်အဆုံးရှုးခံကြည့်လိုက်ရုံပေါ့ရှင်။
>>>
>>> " ငွေကို ငွေနဲ့လျော်လို့ရတယ်။
>>> အချစ်ကို အချစ်နဲ့လျော်လို့ရတယ်။
>>> ဒါပေမယ့် ကုန်ဆုံးသွားတဲ့ အချိန်တွေကိုတော့ ဘာနဲ့မှလျော်လို့မရတော့ဘူး "
>>

Saturday, 10 July 2010

ချစ်သက်လက်ဆောင်



ရင်ငွေ့လှုံဖို့

အပြင်ထွက်လာတဲ့ ငါ့နှလုံးသားလေးက


မင်းနဲ့စတင်ရင်းနှီးကျွမ်းဝင်ခဲ့ တရ် ...

ဂရုဏာ မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့

ဒီကမ္ဘာကြီးမှာ နွေလေရူးတိုက်ရင်တောင်

မင်းရဲ့ပုံရိပ်ကလေး မလွင့်ပါသွားဖို့

တင်းကြပ်စွာငါဖက်ထားတရ် ... ။



မာရ်နတ်မင်းရဲ့ ကျိန်စာသင့်နေတဲ့

ငါ့ဘ၀ကို သွေးသံရဲရဲ နှလုံးသားကိုခွဲပြီး

မင်းရဲ့ဖြူစင်တဲ့ အချစ်တွေနဲ့

ဆေးကြောပြစ်ခဲ့တရ် ... ။



မာယာတွေကင်းမဲ့လွန်းတဲ့

မင်းနဲ့ငါ့ခံစားချက်ကို

နောက်လူတွေအားကျအတုယူရအောင်

ကောင်းကင်ပေါ်မှာ မှတ်တမ်းတင်ထားမရ် ... ။



ကောင်မလေးရေ

အလွယ်ကူဆုံး စိတ္တဇဆန်တဲ့

မျက်လှည့်တစ်ခုမင်းကိုပြချင်ပါတ ရ် ... ။



မျက်လှည့်ပြရင်တော့ ခံစားမှုကို

ရှေ့တန်းတင် မျက်လုံးလေးကိုမှိတ်လို့

ရင်ခုန်သံကို နားထောင်ကြည့်ပါ ... ။



အသက်ရှူတွေပြင်းထန်မှားယွင်းလို့ 

မင်းနှုတ်ခမ်းလေးတွေ ထူပူသွားရ စေမယ် ... ။

Sunday, 4 July 2010

ငါရေးချယ်မယ့်နှလုံးသားထက်က ကာရံများဖြင့်ကဗျာ

ထူးဆန်းတယ်။

မနေ့က စိတ်ဓါတ်တွေ မှောက်ကျ

ဒီနေ့ အဲ့စိတ်ဓါတ်တွေ ပြန်နိုးထလာကြ

မှောက်ကျသွားတဲ့ စိတ်တွေကို တစ်စချင်းဆီ ပြန်ကောက်ခဲ့

စိတ်ဓါတ်တွေက စိတ်ဓါတ်တွေ အဖြစ်ပြန်ပါမလာပဲ

ဖုန်ကပ်၊ သဲပေ ရှတတနဲ့

မထူးဘူးဆိုပြီး ၀ါးစားပစ်၊ လုံးခြေပစ်၊ ဖနောင့်နဲ့ ကန်ပစ်

ဘာမှမထူးလာဘူး။


ထူးဆန်းတယ်။

ယနေ့စိတ်ဓါတ်က မနေ့ကစိတ်ဓါတ်ကို ၀ါးမြိုပြီး

မနက်ဖြန်စိတ်ဓါတ်က ကိုယ်ရောင်လာပြ

ကဲကဲကဲ

တော်ကြပါတော့။

မီးပိတ်ပြီး စိတ်ဓါတ်တွေကို အမှောင်ချထားပေးပါ

ကာလကတော့ အကာလညအခါ

ရီဝေေ၀ အိပ်တန်းကိုပြန်တော့

ထူးထူးခြားခြား လူတစ်ယောက် စကားတွေလာပြောတယ်။

ကောင်လေး မင်းသေတော့မယ်

ကောင်လေး မင်းသေလိမ့်မယ်

ကောင်လေး မင်းသေကိုသေရမယ်

စကားသံလဲဆုံးရော ငါဆိုတာ လမ်းလယ်ခေါင်မှာ ထကပြီး

ကြုံးဝါးလိုက်တယ်။

ငါ သေတော့မယ်၊ ငါသေတော့မယ်၊ ငါသေတော့မယ်


အလွမ်းတွေလဲ စမ်းရေထဲမှာ မမျောမိဘူး။

အတွေးတွေကို နေလှန်းထားဖို့ မတွေးမိဘူး။

အဆွေးတွေကို သေတ္တာထဲထည့်ထားဖို့ မစဉ်းစားမိဘူး။


ငိုနေလဲ ငိုသံတွေကို မင်းမမြင်သလို

ခေါ်နေလဲ ခေါ်သံတွေကို မင်းမကြား

ဘယ်လိုစိတ်မျိုးနဲ့ အသက်ရှူရင် အောင်မြင်မှုတွေရနိုင်မလဲ။


အောင်မြင်ခြင်းက ဝေးလံခေါင်ဖျားလောကမှာ ရှိတယ်ဆို

အဲ့အောင်မြင်မှုရဖို့ အဝေးဆုံးက တောင်ကို ငါ့လက်နဲ့ဖြိုမယ်

ငါ့အတ္တကိုချိုးနှိမ်လို့ မင်းအနားကို ခြေစုံပစ်ဝင်ခဲ့ပြီ။


မင်း ငါ့ကို မြင်အောင်ကြည့်၊ ငါ့မျက်လုံးမှာ ဆေးချယ်ထားတာ နင့်သလုံးသားတွေပဲ

ကွဲပြားဖို့နေ့ရက်တွေကို နိစ္စဓူဝစောင့်မျှော်ဖို့

ငါ့စိတ်အလွှာအခန်းထဲ အတ္တတွေကို မျက်ရည်နဲ့ဆေးကြောခဲ့

တစ်ယောက်နဲ့တစ်ယောက် ဆေးချယ်ဖို့

ကင်းပက်စ်စပေါ် အရောင်တစ်ခု ပစ်တင်ထားခဲ့ပြီ

ကျန်တာ နင်ရေးမယ့်စိတ်၊ နင်ရေးမယ့်ဇာတ်၊ နင်ရေးမယ့်အရောင်

နင်သာလျှင် နင့်စိတ်အစဉ်ကို နင့်လက်ဖြင့်ရေးပြီး

နင်ဆွဲမယ့်ကောက်ကြောင်းရာမှာ

ငါ့စိတ်တွေကပ်၊ ငါ့နှလုံးသားကိုမြင်၊ ငါ့နားလည်ခြင်းကိုတွေး လို့

ရေးချယ်လိုက်ပါ၊ ရေးချယ်လိုက်ပါ၊ ရေးချယ်လိုက်ပါ .....


သောကဗျာပါဒ၊ ဒွိဟ ၀င်္ကဘာတောထဲ ငါတစ်ယောက်မကျပျောက်သ၍

နင်ဆိုတာ ငါရေးချယ်မယ့်


နှလုံးသားထက်က ကာရံများဖြင့် ကဗျာ။

Saturday, 3 July 2010

ဒီအတိုင်းထားခဲ့လို့ရတယ်.


ဒီအတိုင်းထားခဲ့လို့ရတယ်.. ဆက်ထားတဲ့ဆက်ကြောင်းတွေကြားမှာ

မြန်နှုန်းမြင့်မြင့် ချိတ်ဆက်

မက်ဆေ့ခ်တွေဒေတာဘေ့စ်ပြောင်
းကုန်လား

ငါတို့ဟာ ဖောင့်မတူဘူး

အိုအက်စ် စနစ်မတူဘူး..

အပ်ဒိတ်လုပ်ထားတာချင်းမတူဘူ


ဘန်းဝစ်ဘ် ချင်းမတူဘူး..

လူသားချင်းအတူတူ

ဥပမာအလကာင်္တွေထပ်ထပ်ပြ

ကိုယ်နေဟန်ထားတွေအချိုးမကျဘ
ူးမို့လား

ဒီအတိုင်းထားခဲ့လို့ရတယ်

ဒီအတိုင်းကောက်ယူသွားလို့ရတ
ယ်

နေ့အပူချိန်ကွာခြားနေတယ်

ညကထစ်ချုန်းမိုးတွေမရွာသေးဘ
ူး

ခပ်စွေစွေလေပြေတချို့

ပြောရရင်ငယ်ငယ်က အကြောင်းတွေ

ခပ်ဝေးဝေးမှာကျန်ခဲ့…

သတိရမိမှာလားဟင် ကိုယ့်စိတ်ကိုယ်မေးကြည့်တော


မသိရသေးဘူး.. အဲဒီအချက်အလက်တွေကို

အတည်ပြုခြင်းရှိမရှိ..

ထားခဲ့လိုက်မယ်ဆိုရင်လည်းရတ
ာပဲ

ဒါမှမဟုတ် တနေရာရာမှာပေါ့

အတိတ်မှာလား စာကြည့်ခန်းထဲမှာလား

ခုံတန်းလျားလေးပေါ်မှာလား ကန်ရေပြင်မှာလား..

အတူတူသွားခဲ့ဖူးတာ

အတူတူမသွားခဲ့တုန်းကထက်ပိုသ
ိသာတယ်..

ကန်ရေတွေတဖျတ်ဖျတ်

လေးစိမ်းတွေထဲမှာမတ်တပ်ရပ်ေ
နမိတယ်

ရွှေရောင်ဆံနွယ်တွေဘယ်နေရာမှ
ာတွန့်ခွေနေမှာလည်း

မပြောပြဖြစ်တဲ့အကြောင်းတွေက
ို

ရင်ထဲမှာကောင်းကောင်းမှတ်မိ
နေတယ်..

ထားခဲ့ပါတော့ ပင်လယ်ရဲ့အဝေးတစ်ဖက်မှာ

နစ်မွန်းခဲ့နာရီတွေအကြောင်း
လေ…။

မိုးလှိုင်ည

နောက်တစ်နေ့အစီအစဉ်…


ဘယ်လိုသေချာတဲ့ ပရိုဂရမ်မျိုးရှိရှိ

ငါတို့မသိတဲ့ ရာသီဥတုအခြေအနေရှိတယ်

မသေချာတဲ့ မတော်တဆတွေရှိတယ်

အရေးကြီးတဲ့လမ်းမှာ ဘီးပေါက်မယ့်

ခရီးစဉ်တွေရှိတယ်…

အဲဒီတော့ နောက်တစ်နေ့အစီအစဉ်တွေထဲ

တစ်ယောက်ယောက်က ရောက်သွား

သင့်အတွက်မနက်ဖြန်တွေ ခဏခဏချန်ထား

မကြာမှီလာမည်

အထူးအစီအစဉ်တွေနဲ့

အထူးတလည်နှုတ်ခွန်းဆက်

နောက်ကျရကောင်းမှန်းမသိတဲ့ညတွေ

ဘယ်လိုစိတ်သောကမျိုးနဲ့ အမေမျှော်နေမှာလည်း

မဖွံ့ဖြိုးသေးတဲ့ဘ၀ကို ဖွံ့ဖြိုးပြီးနိုင်ငံကြီးမှာချောင်ပိတ်

တိတ်တိတ်ဆိတ်ဆိတ်ညတွေထဲ

ဆူဆူညံညံ အိမ်အပြန်ကိုလွမ်းတယ်

ဘာကြောင့်မှန်းမသိ

ဘာအတွက်မှန်းမသိ

မရေမရာပါပဲ

နောက်တစ်နေ့အစီအစဉ်ထဲမှာလည်း

အိမ်ပြန်လမ်းတွေ မရှိသေးဘူးတဲ့…။


အလွမ်းရောင်ဆောင်တဲ့ တိမ်တိုက်

နှင်းဖြူနုတွေ လွှမ်းခြုံတဲ့

ငါ့ …. ယုံကြည်ရာ တိမ်တိုက်


နင့် လွင့်မျှောရာ ပြာလဲ့ကောင်းကင်
နေညိုချိန် တွေ မကုန်စေချင်ခဲ့ဘူး

မှိန်ဖျော့ရာသီ ညနေရီအောက်

ငါ မပိုင်တဲ့ နင့်ဆီက

ကျန်ခဲ့ခြင်း ကို ကြိုတွေးပေမယ့်

နင့်ခြေသံတွေ တိတ်ဆိတ်လွန်းတယ်

တည်မှီရာ စိတ်အလွမ်း

လေနုအေး အဝှေ့မှာတောင်

တဖျက်ဖျက်ခုန်တဲ့ ရင်အခန်း

နင် ထွက်သွားရာ အပြန်လမ်းဆီက

ရွက်ဝါကြွေပေါ် ဖြတ်မလျှောက်ရက်ဘူး

နင့် ခြေရာ အကြွင်းတွေ ပေကျံနေတဲ့

ဗလာ မဟုတ်တဲ့ ရင်ထဲက

မျက်ရည်စ တစ်ချို့တစ်ဝက်ကို

နင် သတိမှ ရ မိ ရဲ့ လား

ခုတော့

ငါ မပါတဲ့ လွမ်းတတ်ရာတိမ်တိုက်

နင် ပျံသန်းရာကောင်းကင်

အနောက်တောင်ဆီက မိုးတော့

မညို့လောက်ဘူးထင်ရဲ့ ။ ….။

Saturday, 26 June 2010

အသဲမြို့တော်

video

အသဲကွဲမြို့တော် +အာဇာနည်+

အတူလျှောက်ဖူးတဲ့ လမ်းများ ပျက်အိုဟောင်း
အတူကြည်နူးခဲ့ ချစ်ရက်နှောင်း
အပျော်တွေပြောင်းရွှေ့သွားတဲ့ အတိတ်မြို့ဟောင်း
အကြင်နာဆုံးလေး မင်းဘယ်မှာ
ဒီမြို့ထဲ မင်းကိုယ့်ကို ချန်ခဲ့ပြီ…….

အဆင်တန်ဆာမြို့အတွက် မင်းအလှမရှိ
မြင်မြင်သမျှက ကိုယ့်အတွက် အကျည်းတန်ပြီး
အကြင်နာ အားလုံး ဝေးနေပြီ . .
မေရယ် ကျောခိုင်းဖို့ ဆုံးဖြတ်လို့ မုန်းပြီလား အချစ်ရယ်

မင်းမရှိတဲ့ မြို့တော်မှာ ကိုယ်ဟာ ၀မ်းနည်းဆွေးမြေ့မှုလမ်းတွေမှာ
အဖော်မပါ ခေါင်းငိုက်စိုက်နဲ့လှမ်းနေပြီ ချစ်သူမင်းကို လွမ်းနေမိ
မင်းမရှိတဲ့ မြို့တော်မှာ ကိုယ်ဟာထွက်ပေါက်တွေ့ဖို့တော့ ခုမလွယ်ကူပါ
ပြေးဖို့မြေမရှိ မတွေးရဲ ဆွေးမြဲဆွေးနေပြီ………..

အပူရှိန် နေ့ဖက်ပြင်းသထက် ပြင်းလာပြီ
မဟူရာညကျ လ ကမရှိ..
ဒီလို အသဲကွဲမြို့က လွတ်ချင်မိ…
ဒဏ်ရာဒီဂရီ မြင့်သထက် မြင့်လာပြီ
မေရယ် ကျောခိုင်းဖို့ ဆုံးဖြတ်လို့ မုန်းပြီလား အချစ်ရယ်